Sony Ericsson Live with Walkman WT19I

Sony Ericsson Live with Walkman WT19I ကို root လုပ်ပြီး Fontchanger နဲ့ အသုံးပြုပြီး မြန်မာဖောင့်ထည့်နည်းလေးပါ။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, July 29, 2012

ကျန်းမာရေးကောင်းဖို့

၁။ ရေများများသောက်ပါ

၂။ မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ 

၃။ သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

၎။ ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy  တို့ဖြစ်ပါတယ်။

၅။ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။

၆။ ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

၇။ သင် 2009 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

၈။ တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

၉။တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

၁၀။တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

၁၁။ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

၁၂။ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

၁၃။ အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

၁၄။ ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

၁၅။ ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

၁၆။အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

၁၇။ မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

၁၈။ အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

၁၉။ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

၂၀။ ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

၂၁။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

၂၂။ ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

၂၃။ များများပြုံးပါ၊ များများရီပါ။

၂၄။ အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

၂၅။သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

၂၆။ အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

၂၇။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။

၂၈။ အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။
၂၉။ တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင် ကြိုးစားကြည့်ပါလား။

၃၀။ တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

၃၁။ သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

၃၂။ မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

၃၃။ အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

၃၄။ ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

၃၅။ ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ ပြောင်းလဲနေမှာ ပါပဲ။

၃၆။ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့.. အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

၃၇။ အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

၃၈။ နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

၃၉။ ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။

အားလုံးကိုလေးစားလျက်.....

ဗဟုသုတ

သိပြီးသားဆို ကျော်သွားနော်

ကျွန်တော် ဒီတခါ ဗဟုတရစေမယ့်အကြောင်းအရာလေးတွေကို ဖော်ပြပါ့မယ်။ မသိသေးသော သူများအတွက်ပါ။  ကျွန်တော်တို့ မစဉ်းစားမိတဲ့ အကြောင်းလေးတွေလည်း ပါတာပေါ့ဗျာ။ ရှာဖွေစမ်းသပ် ထားတဲ့သူတွေတော့ လေးစားစရာပဲဗျာ။ 

(၁) ကျွန်တော်တို့ အားလုံး နှာချေတဲ့ အခါမှာ မျက်လုံး ဖွင့်ပြီးတော့ ဘယ်လိုမှ ချေလို့မရပါဘူး ။ မယုံတဲ့သူ စမ်းကြည့်နော်.။
(၂)လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးဖွင့်ပြီးတော့ အိပ်ကျပါတယ်။
(၃)နှစ်စဉ် နှစ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့  အရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့အရေအတွက်က ပိုများပါတယ်။
(၄)ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ပါတယ်။
(၅)ကျွန်တော်တို့အားလုံးဟာ Queen Elizabeth I ကိုမသိရင်တောင် ကြားဖူးကြမှာပါ။ ဘုရင်မကြီးဟာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြမ်သာ ရေချိုးပါတယ်။  ကျွန်တော်တော့ အခုမှ ကြားဖူးတာ။
(၆)နာဇီခေါင်းဆောင် ဟစ်တလာ သတ်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis  တစ်လုံးသာ ရှိပါတယ်။
(၇)ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် ၈၆ ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်။
(၈)ဂေါက်သီး တစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်(အချိုင့်)ပေါင်း ၃၃၆ ခုရှိပါတယ်။
(၉)သင်နှာချေတဲ့အခါမှာ ပါးစပ်နှင့် နှာခေါင်း အားပိတ်ဆို့မှု့မဖြစ်စေရန် ဂရုစိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် သင့်မျက်လုံး များကွဲထွက်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
(၁၀)ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်ပါက ဆယ့်ငါးရက်တိုင်တိုင် ဆက်လက် အသက်ရှင်နေနိုင်ပါသည်။ ထိုသေဆုံးသွားခြင်းမှာလည်း အစာ မစားသောကြောင့်ဖြစ်ပါသည်။
(၁၁)ကမ္ဘာ့ပေါ်မှာ ရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီး တန်းစီလိုက်ရင် ကမ္ဘာကို အပတ် ၆၀ ပတ်မိမှာ ဖြစ်ပါတယ်။
(၁၂)လူ.ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့လျှာ ဖြစ်ပါတယ်။
(၁၃)ရေဘ၀ဲတွေမှာ နှလုံးသား သုံးခုရှိပါတယ်။
(၁၄)နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ချိန်မှာ ၈ မိနစ်ဖြစ်ပါတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ ဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့ အချိန်မှာ လွန်ခဲ့တဲ့ ၈ မိနစ်ကတည်းက နေ၀င်သွားပြီး ဖြစ်ပါတယ်။
(၁၅)လူတွေစားသုံးနေတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသော မပုပ်မသိုးနိုင်တဲ့ အစားအစာ ကတော့ ပျားရည်ဖြစ်ပါတယ်။
(၁၆)အင်္ဂလိပ်စကားလုံးတွေ ထဲမှာ သရ(vowels) မပါဘဲ အရှည်ဆုံးစကားလုံးမှာ twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများလို့ အဓိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပါယ်ရပါတယ်။
(၁၇)၀က်တွေဟာသူတို့ရဲ့  ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့မဖြစ်နိုင် ပါ။
(၁၈) မေလမှာမွေးတဲ့ ကလေးတွေဟာ တခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်။
(၁၉)အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း (snow) လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော် ရှိပြီး (hello) ဆိုသော နှုတ်ခွန်းဆက်စကား မရှိပါ။
(၂၀)ကမ္ဘာပေါ်တွင် ရှိသော လူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှာ ၅၇ ယောက်၊ ဥရောပတိုက်မှာ ၂၁ ယောက်၊ အမေရိကတိုက်မှာ ၁၄ ယောက်နှင့် အာဖရိကတိုက်မှာ ၈ ယောက်စီရှိမှာဖြစ်ပါတယ်။ ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပျူတာ တစ်စုံကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၂၁)ကျွန်တော့်တို့ရဲ့  မျက်လုံး အရွယ်အစားဟာ မွေးသည်မှ သေသည်အထိ တရွယ်တည်း ဖြစ်ပြီး ၊ နှခေါင်း  နှင့် နားရွက်မှာမူ ကြီးထွားနှုန်း ရပ်တန့်သွားခြင်းမရှိပေ။
(၂၂)အကယ်၍ သင်သည် မိုးကြိုး ပစ်ခံရပါက အပူချိန် ၂၈၀၀၀ ဒီဂရီ စင်တီဂရိတ်ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက် ပိုမိုသော အပူချိန် ဖြစ်သည်။
(၂၃)ကမ္ဘာပေါ်ရှိ  ငှက်များအားလုံးထဲမှာ အပြာရောင်ကို မြင်နိုင်သော တစ်ခုတည်းသောငှက်မှာ ဇီးကွက်ဖြစ်သည်။
(၂၄)ပုံမှန် အားဖြင့် တစ်နေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး ၂၀၀၀ ကျော်ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း ၇၀၀၀  ကျော် ပြောဆိုပြီးဖြစ်သည်။ ကျွန်တော့်ကိုမကြိမ်ဆဲနဲ့နော် ကျွန်တော်စမ်းသပ်တာ ဟုတ်ဘူး။
(၂၅)ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း ၂၀၀၀ ကျော် ဖြတ်သန်း နားရောက်ရပြီး ခရီးမိုင်ပေါင်း ၅၅၀၀၀ ကျော် ပျံသန်းရသည်။
(၂၆)ခုန်ပေါက်ခြင်း (jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့ ဆင်ဖြစ်ပါတယ်။
(၂၇)ဂေါက်သီးရိုက် ကစားခြင်းကို လွန်ခဲ့သော နှစ်ပေါင်း များစွာက စကော့တလန်ပြည် မှ စတင် တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အဲဒီ ကစားနည်းကို (Gentlemen Only Ladies Forbidden ) လို့သတ်မှတ်ရာကနေ အင်္ဂလိပ်တွေက Golf ဆိုပြီး စတင် ကစားကြတာ ဖြစ်ပါတယ်။ တစ်ချို့ကလည်းခေါ်ကြပါတယ် (  Game Of Lazy  Fallows )
(၂၈)ခြ  ဘုရင်မတစ်ကောင် ဟာ နှစ်ပေါင်း ငါးဆယ်အသက်ရှင် နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ သုံးသောင်းအထိ မွေးဖွားပေးနိုင်ပါတယ်။
(၂၉) သင်နှင့်အတူ မွေးနေ့ တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ  ဆယ်သန်း ဖြစ်ပါတယ်။
(၃၀)ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသော အစားအစာမှာ သခွားသီး ဖြစ်ပါသည်။

အားလုံးပဲ ဗဟုသုတများ တိုးပွားကြပါစေ...........
အားလုံးကိုလေးစားလျက်............ http://mhuthaw.blogspot.com မှဖေါ်ပြသည်

Thursday, July 12, 2012

သင်ဟာ လိုအပ်နေသူကို ကူညီခဲ့မယ်ဆိုရင်....

သင်ဟာ လိုအပ်နေသူကို ကူညီခဲ့မယ်ဆိုရင်....

မျက်စိ မမြင်သော လူငယ်လေး တစ်ယောက်သည် အဆောက်အအုံ ဘေးရှိ လှေကားတွင် သူ့  ခြေထောက်နားတွင် ဦးထုပ်လေး တစ်လုံးချထားကာထိုင်နေသည်။ ထို့  နောက်လက်တွင် 'ကျွန်တော် မျက်စိမမြင်ပါ။ ကူညီကြပါ။' ဟူသော ဆိုင်းဘုတ် လေး ကိုင်ထားသည်။ ဦးထုပ်တွင် အကြွေစေ့ အနည်း သာ ရှိသည်။

လူတစ်ဦး ဖြတ်သန်းသွားသည်။ သနားသွားကာသူ့  အိတ်ထဲက အကြွေအနည်းငယ်ကို ထည့်သည်။ ထို့  နောက် လူငယ်လေး ကိုင်ထားသော ဆိုင်းဘုတ်ကို ယူကာ စာသား အနည်း ပြင်ပြီး အားလုံး မြင်သာအောင် ပြန်ထားထား လိုက်သည်။

သိပ်မကြာခင်မှာပင် ဦးထုပ်လေးမှာ အကြွေစေ့ စတင်ပြည့်လာသည်။ လူတွေ အများကြီး မျက်မမြင်လူငယ်လေးကို ပိုက်ဆံ ပေးသွားကြသည်။ နေ့ လည်ခင်းမှာ ဆိုင်းဘုတ် ပြင်ရေးသွားခဲ့သည့် လူ အခြေအနေကို ပြန်လည် ကြည့်ရှုဖို့  ပြန်ရောက်လာသည်။ လူငယ်လေးသည် သူ့  ခြေသံကို မှတ်မိသွားပြီး အောက်ပါ အတိုင်း မေးလိုက်သည်။

"သင်ဟာ ဒီမနက်မှာ ကျွန်တော့်လက်ထဲက ဆိုင်းဘုတ်ကို ပြန်ပြင်ရေးသွားတဲ့ လူ ဟုတ်ပါသလား။ မိတ်ဆွေ ဘာတွေ များရေးသွားခဲ့လည်း။ "

ထိုသူက "ငါက အမှန် တစ်ရားကိုပဲ ရေးတာပါ။ ဒါပေမယ့် မင်းပြောချင်တဲ့ အရာကို တစ်ခြား နည်းလမ်း နဲ့  ဖော်ပြလိုက်တာပါပဲ။" ဆိုပြီး ပြန်ဖြေသည်။ ငါရေးတာက အောက်က အတိုင်းပါပဲ။

"ဒီနေ့ ဟာ အင်မတန် လှပတဲ့ နေ့  ဖြစ်ပေမယ့် ကျွန်တော် မမြင်နိုင်ခဲ့ပါဘူး။"

ဆိုင်းဘုတ် ၂ ခုလုံးဟာ လူတွေကို လူငယ်လေး မျက်စိမမြင်ဘူး ဆိုတဲ့ အကြောင်း ဖော်ပြတာပါပဲ။ ပထမဆိုင်းဘုတ်က လူငယ်လေး မျက်စိမမြင်ဘူး ဆိုတဲ့ အကြောင်းပဲပါတယ်။ ဒုတိယ ဆိုင်းဘုတ်က လူတွေဟာ သူတို့  မျက်စိ မြင်ကြတာ သိပ်ကံကောင်းတယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

************

သင့်မှာ ရှိတဲ့ အရာများအတွက် ဘုရား ကို ကျေးဇူးတင်ပါ။

အကောင်းမြင်စွာ တွေးတောပြီး အမြင်အမျိုးမျိုးနဲ့  မြင်ကြည့်ပါ။

တစ်ကယ်လို့  ဘ၀ဟာ သင့်ကို ငိုရမယ့် အကြောင်းအရာ အခု ၁၀၀ ပေးခဲ့မယ်ဆိုရင် သင်ဟာ ဘ၀မှာ ရယ်မောပျော်ရွှင်ဖွယ်ရာ ၁၀၀၀ ရှိကြောင်း ပြန်ပြပါ။

သင့် အတိတ်ကို နောင်တမရပဲ ရင်ဆိုင်ပါ။ လက်ရှိ အချိန်တွေကို ယုံကြည်မှုဖြင့် ကိုင်တွယ်ပါ။

အနာဂတ်ကို ကြောက်ရွှံ့  မှုကင်းစွာ ဖြင့် ပြင်ဆင်ပါ။ ယုံကြည်ချက်ဖြင့် ကြောက်ရွှံ့  သည့် အရာများကို ချထားခဲ့ပါတယ်။

အလှပဆုံး အရာက လူတစ်ဦး ပြုံးနေခြင်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး လှပတဲ့ အရာက သင်ဟာ ထိုလူ ပြုံးနေရခြင်းရဲ့  နောက်ကွယ်ကဖြစ်တယ်။

နေ့ တိုင်းကို ပျော်ရွှင်သောစိတ်ဖြင့် ဖြတ်သန်းပါ။
ကိုးကား - အင်တာနက်
By: John Panda 

လိုနေတာက

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။

တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။

သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။

သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။

သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေဖြစ်တယ်။
.

Thursday, July 5, 2012

ကောင်းကောင်းအိပ်စေတဲ့အစားအစာ

တနေကုန်အလုပ်ပင်ပန်းစွာ လုပ်ပြီး တခါတရံ အနားယူအပန်းဖြေဖို့ ခက်ခဲလှပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့စိတ်တွေကို သက်တောင့်သက်သာနဲ့ အိပ်စက်ဖို့ အထောက်အကူပြုမယ့် အစားအစာတွေရှိတယ်ဆိုတာ သိရဲ့လား။

မဂ္ဂနီစီယမ်(Magnesium)
၎င်းမှာ ခန္ဓာကိုယ်ကို အမောပြေစေပြီး စိတ်ဖိစီးမှု(Stress)ကို လျော့နည်းစေဖို့ လုပ်ဆောင်ရာတွင် အရေးပါတယ်။ ဒါပေမဲ့ လူတော်တော်များများဟာ မဂ္ဂနီစီယမ်ဓါတ် ချို့တဲ့ကြပါတယ်။ Zespriတံဆိပ် ကီဝီသီး၂လုံးမှာ မဂ္ဂနီစီယမ်၂၀မီလီဂရမ်ထက် ပိုမိုပါဝင်တဲ့အတွက် ရုံးမှာ အလုပ်ပင်ပန်းပြီးနောက် စိတ်ဖိစီးမှုလျော့ကျစေရန် စွမ်းဆောင်ပေးတဲ့ အကောင်းမွန်အလွယ်ကူဆုံး အာသာပြေ အသီးအနှံဖြစ်ပါတယ်။  

ထရစ်တိုဖန်(Tryptophan)
၎င်းမှာ အမီနိုအက်ဆစ်တမျိုးဖြစ်ပြီး ဦးနှောက်မှ ဆီရိုတိုနင်(Serotonin)ထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ ဆီရိုတိုနင်ဟာ စိတ်တည်ငြိမ်မှုပေးပြီး စိတ်အပန်းပြေစေဖို့ ဆောင်ရွက်ပေးတဲ့ ဓါတုပစ္စည်းဖြစ်ပါတယ်။ဆီရိုတိုနင်ကို ကောင်းမွန်စွာတွေ့နိုင်တာကတော့ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တဲ့ ကြက်သား၊ ကြက်ဥ၊ ငါးနဲ့ ပဲသီးတို့ပဲ ဖြစ်ပါတယ်။ ထရစ်တိုဖန်အများဆုံးပါဝင်တဲ့အစားစာကတော့ ကြက်ဆင်သား(Turkey)ဖြစ်ပါတယ်။ အဲဒီအသားနဲ့ ထမင်းအများကြီးစားပြီးရင် အမြဲတမ်းအိပ်ငိုက်ချင်လာတတ်တယ်။ ဆီရိုတိုနင်ကို ကာဗိုဟိုက်ထရိတ်ကနေလည်း ထုတ်ယူနိုင်ပါတယ်။ ညနေခင်းဘက် ထမင်း(သို့) အီတာလီလျံအစားအစာ(Pasta) အနည်းငယ်စားခြင်းက  စိတ်အပန်းပြေစေဖို့ အထောက်အပံ့ပြုပါတယ်။ မပြုပြင်မသန့်စင်ရသေးတဲ့ ကာဗိုဟိုက်ထရိတ်နဲ့ ပရိုတိန်းကို ညစာအဖြစ်စားရင် အနားယူအိပ်စက်စေဖို့ များစွာအကျိုးပြုပေတယ်။

နွားနို့ (Milk) 
နွားနို့မှာလည်း ထရစ်တိုဖန်နဲ့ ကာဗိုဟိုက်ထရိတ်ပါဝင်တဲ့အတွက် စိတ်အနားယူအပန်းပြေစေဖို့ ကူညီဆောင်ရွက်ပေးပါတယ်။

Monday, July 2, 2012

ကမ္ဘာကျော်စာရေး ဆရာများဧ။် အဆိုအမိန့် များ (ဘာသာပြန်)

ကမ္ဘာကျော်စာရေး ဆရာများဧ။် အဆိုအမိန့် များ (ဘာသာပြန်)
******************
Mistakes are a part of Life; you can't avoid them. All you can hope is that they won't be too expensive and that you don't make the same mistake twice.
L** Lacocca
 - အမှားဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ရှောင်လွဲလို့ မရပါဘူး။ မျော်လင့်နိုင်သမျှတော့ အမှားဟာ သိပ်တန်းကြေးမကြီးဖို့ ရယ်၊ အမှားတစ်ခုတည်းကို နှစ်ခါမလုပ်မိဖို့ ရယ်ပါ။
 လီးလာကောကာ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
The key to everything is patience. You get the chicken by hatching the egg, not by smashing it.
Arnold H. Glasow
 - အရာခပ်သိမ်းရဲ့သော့ချက်က စိတ်ရှည်သီးခံမှု ပဲ။ ကြက်ဥကိုဝပ်ခြင်းဖြင့်သာလျှင် ကြက်ကလေးတွေရတယ်။ ကြက်ဥကို ခွဲလို့ ကြက်ကလေးတွေရတာမဟုတ်ပါဘူး။
 အာနိုးအိတ်ခ်ျဂလပ်ဆို
 @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
To believe with certainty we much begin with doubting.
Oliver Wandall Holmes
 - ဒွိဟကင်းစွာ ယုံကြည်မှု ရှိစေရန်ကျွန်ုပ်တို့ သည် သံသယနှင့်စတင်ရမည်။
အိုလီဗာဝင်ဒယ်ဟုမ်း
 @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
People with goals succeed because they know where they are going.
Karl Nightingole
 - ပန်းတိုင်ရှိသူတွေ အောင်မြင်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ ဘယ်သွားနေတယ်ဆိုတာသူတို့ သိကြလို့ ပဲ
 ကားလ်နိုက်တင်ဂေး
 @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
You can do anything if you have enthusiasm. Enthusiasm is the yeast that makes your hope rise to the stars.
Henry Ford
 - စိတ်အားထက်သန်မှု ရှိရင် သင်ဟာဘာမဆိုလုပ်နိုင်တယ်။ စိတ်အားထက်သန်မှု ဟာ သင့်ရဲ့မျှော်လင့်ချက်တွေကိုကြယ်များဆီ တက်ရောက်စေမည့် တဆေးဖြစ်တယ်။
ဟင်နရီဖို့ ဒ်
 @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
There is no right way to do the wrong thing.
Shakespeare
-အမှားကိုလုပ်ရန် မှန်ကန်သောနည်းလမ်းမရှိပါ။
ရှိတ်စပီးယား
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
What is harder than rock, or softer than water? Yet soft hollows harder rock.  Only persevere.
Ovid.
 ကျောက်တုံးထက်ပိုပြီး မာကျောတဲ့အရာ ဒါမှမဟုတ် ရေထက်ပိုပြီးနှုးညံ့တဲ့အရာ ဘာရှိပါသလဲ။ ဒါပေမဲ့ နှုးညံ့တဲ့ရေက မာကျောတဲ့ ကျောက်တုံးကို တိုက်စားသွားတယ်။ ဇွဲရှိဖို့ ပဲလိုတာပါ။
 အိုဗစ်
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 ဖတ်မိသမျှ စာအုပ်များထဲမှာ ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါသည်။ မှားတာရှိရင် တောင်းပန်ပါတယ်။
ထာဝရပြုံးပျော်နိုင်ကြပါစေ..
အားလုံးကို လေးစားလျက်ပါ။

Sunday, July 1, 2012

မဟာလူသားပြောစကားများ

I will knock down a thousand times but I never give up.
(ဗိုလ်ချုပ်အောင်ဆန်း)
အကြိမ်တစ်ထောင်လောက် ငါနောက်ကျသွားပါစေ
ငါဘယ်တော့မှအရှံးမပေးဘူး
I hope the best,and prepare for the worst.
(ဗိုလ်ချုပ်အောင်ဆန်း)
အကောင်းဆုံးကိုငါမျှော်လင့်ထားသလို
အဆိုးဆုံးကိုလည်းမျှော်လင့်ထားပါတယ်
Men fear death as children fear to go in the dark
(sar frantcis bacon -ဆာဖရန်းစစ်ဘေကွန်)
ကလေးငယ်များသည် အမှောင်ထဲကိုသွားရန် ကြောက်သကဲ့သို့
လူကြီးများသည် သေရန်ကြောက်ကြသည်
Hope is a good breakfast, but is a bad supper.
(sar frantcis bacon -ဆာဖရန်းစစ်ဘေကွန်)
မျှော်လင့်ချက်သည် ကောင်းမွန်သော နံနက်စာဖြစ်သောလည်း
ဆိုးဝါးသော ညစာလည်းဖြစ်သည်
Truth never hurts the teller.
(robert browning -ရောဘတ်ဘရောင်းနင်း)
အမှန်တရားသည် ပြောသူအား ဘယ်တော့မှ ထိခိုက်နစ်နာစေခြင်းမရှိ
Better die once for all than to live in continual fear.
(Aesop-အိစွတ်)
အမြဲကြောက်နေခြင်းထက် တစ်ခါတည်းသေဆုံးခြင်းကပိုကောင်းသည်
Sleep is good ,death is better ;but of course ,the best thing would be never
To have been born at all.
(heinrich heing-ဟိန်းန၇စ်ဟိန်း)
အိပ်စက်ခြင်းသည်ကောင်းသည် သေဆုံးခြင်းသည်ပိုကောင်းသည်
အကောင်းဆုံးမှာ လုံးဝမမွေး ဖွားခြင်းဖြစ်သည်
All strong men love life.
(heinrich heing-ဟိန်းန၇စ်ဟိန်း)
လူတော်များအားလုံးသည် ဘဝကို ချစ်ကြသည်
Victory belongs to the most persevering.
(napoleon bonapate-နပိုလီယန် ဘိုနာပတ်)
အောင်ပွဲဆိုသည်မှာ အစွဲမြဲဆုံးလုပ်ဆောင်သူနှင့်သာသက်ဆိုင်သည်
Better know nothing than half-know manay things.
(Nietzsche-နစ်ချေး)
ဟိုစပ်စပ် ဒိစပ်စပ်သိခြင်းထက် လုံးဝမသိခြင်းက ပိုကောင်းသည်