Sony Ericsson Live with Walkman WT19I

Sony Ericsson Live with Walkman WT19I ကို root လုပ်ပြီး Fontchanger နဲ့ အသုံးပြုပြီး မြန်မာဖောင့်ထည့်နည်းလေးပါ။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, August 6, 2012

YouTube Downloader

ပုံကြီးမြင်ချင်လျှင် ကလစ်နှိပ်ပြီးကြည့်ပါရန်

Youtubeကနေပြီး ဗွီဒီယိုတွေကို အလွယ်တစ်ကူ ဒေါင်းယူနိုင်ဖို့ ဒီကောင်လေးကတော့ အကောင်းဆုံးပါပဲလို့ ကျတော် အာမခံပေးပါ့ရစေ...ကျတော်တင်ပေးထားတာလေးကတော့ Pro Versionခေးပါ...(အပေါ်ပုံလေးကိုကြည့်ကြည့်ပါ မကြည့်ပဲမနေနဲ့နော်:D)...Pro နဲ့ Freeဘာတွေကွာလဲဆိုတော့ Proက Linkတွေ အများကြီး Addပြီး တစ်ပြိုင်တည်းဒေါင်းလို့ရသလို ချက်ချင်းပဲ Mp3ဖြစ်စေ ကိုယ်ကြိုက်ရာကို Convertလုပ်လို့ရပါတယ်... ဒေါင်းလုပ်လုပ်တဲ့ အချိန်ကလည်း
freeထက်ပိုမြန်လာပါတယ်...အဲတော့ Freeနဲ့Proကို ဘယ်ဟာ၃ကြမလဲတွေးကြည့်ပေါ့...နှစ်ခုလုံးကလည်း အခု Freeအဖြစ်နဲ့ဆိုတော့.... နှစ်နေရာမှာ တင်ပေးထားပါတယ်...Proဖြစ်အောင် အ၃ပြုနည်းကိုလည်း အဲထဲမှာပဲ ရေးပေးထားပါတယ်...Versionက3.9Lasted Fileအရွယ်က 5.28MBပါပဲ...



Mediafire>>>

Download Here

Minus>>>

Download Here

Minus Direct>>>
Download Here

Email ကိုစိတ်ချစွာ အသုံးပြုနိုင်ရန်




အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူး။ ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။

တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ့ တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မှာပေါ့နော် ) အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။

win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။

ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေါ့ ။

မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ၀င်တဲ့ ၀က်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Savepassword ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မ၇ပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။   ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ၀င်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်။

Sony Ericsson Live With Walkman WT19I Root

လက်ရှိလူငယ်တွေကြားမှာ ခေတ်စားနေတဲ့
Sony Ericsson Live with Walkman WT19I
ကို root လုပ်ပြီး Fontchanger နဲ့ အသုံးပြုပြီး မြန်မာဖောင့်ထည့်နည်းလေးပါ။
root လုပ်ပြီး မြန်မာစာဖောင့်အတွက် fontchanger ကိုအသုံးပြုတာ ဖုန်းမှာ
original ပါတဲ့ Japanese,Chinese font တွေကို ပြန်ပြီးအသုံးပြုချင်တဲ့သူတွေအတွက်
အသုံးပြုတာပါ။
fontchanger နဲ့ အခုနည်းလမ်းလေးက Sony Ericsson WT19I ကို ဖုန်း OS ပြန်မတက်တာတွေမဖြစ်ပါဘူး။
Android version 2.2 (Froyo) firmware နှင့်အထက် အခြား Android Phone တွေမှာလဲ
အခုနည်းလမ်းနဲ့ Root လုပ်လို့ရပါတယ်။
Sony Ericsson Android OS သုံးဖုန်းတွေမှာ root လုပ်ဖို့ မိမိကွန်ပြူတာမှာ
sony ericsson companion sofware ပထမဆုံး Install လုပ်ထားဖို့လိုပါတယ်။
Driver Install လုပ်မထားပဲနဲ့ Root လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။
root လုပ်ဖို့အတွက် လိုအပ်တဲ့ root tool များကို download ဆွဲပါ
sony ericsson companion sofware အားရယူရန်
media fire ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
Direct link ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
ဥပမာ အနေနဲ့ root လုပ်မဲ့ Sony Ericsson WT19I ရဲ့အချက်အလက်ပါ

Model number
WT-19i
Android version
2.3.4
Baseband version
8z55A-AAABQoAZM-203028D-58
kernel version
2.6.32.9-oerf
SEMCUser@SEMCHost#1
Build number
4.0.2.A.0.58

Sony Ericsson WT19I ကို root လုပ်ပြီး မြန်မာဖောင့် ထည့်နည်း
အဆင့် ၁ :
Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၂ :
Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင် ကိုဖြည်ပါ။
အဆင့် ၃ :
Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
Phone Setting>>Applications>>Unknown sources နှင့် Development>>မှ
USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ၄ :
ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို
ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၅ :
Root button ကို ကလစ်နှိပ်ပေးပါ။
root အတွက် Super One Click က အချိန် စက္ကန့် ၂၀ အလုပ်လုပ်နေပါလိမ့်မယ်
Root install has completed! Would you like run a test ? box ပေါ်လာလျှင်
No ကိုရွေးပြီး ကလစ် နှိပ်ပေးပါ။
အခုအဆင့်တွေ မှန်ကန်စွာပြီးရင်တော့ မိမိဖုန်းမှာ Superuser ရရှိပြီး Root လုပ်လို့အောင်မြင်သွားပါပြီ။
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။

Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်

Root ကို အောင်မြင်စွာ ပြလုပ်ပြီးပြီဆိုလျှင် မြန်မာစာဖောင့်ထည့်ဖို့အတွက် ရှေ့ဆက်သွားလိုက်ရအောင်
Fontchanger ကိုသုံးပြီး မူရင်း Japanese,Chinese font မပျောက်အောင် မြန်မာဖောင့်ထည့်နည်း
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ
တချို့ဖုန်းတွင် fontchanger application တွက်
busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
ဒုတိယအဆင်အနေနဲ့
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။
ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ
apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုမနှိပ်ပဲ
Power button ကိုနှိပ်ပြီး Power ပိတ်ပေးပါ။
( fontchanger နဲ့ ဖုန်းကို restart ချပေးလျှင် ဖုန်းပြန်အတက်မှာ
တခါတလေ ဖုန်းပြန်မတက်တာတွေ ဖြစ်မှာစိုးလို့ပါ )
ကျွန်တော်ကတော့ အခုနည်းလမ်းလေးနဲ့ ပြုလုပ်ပါတယ်။
Power ပိတ်သွားပြီဆိုလျှင် ၁ မိနစ်လောက် ခဏစောင့်ပေးပါ။
ပြီးလျှင် Power button ကိုပြန်နှိပ်ပြီး ဖုန်းကိုဖွင့်ပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်းတရုတ်ဖောင့်မပျောက်ပဲ
မြန်မာဖောင့်နဲ့ တွဲဖတ်ပြီးအသုံးပြုလို့ရပါပြီ။



fontchanger.apk အားရယူရန်


Root Explore.apk အားရယူရန်


Busybox.apk အားရယူရန်


Zawgyi_One.ttf font အားရယူရန်


မြန်မာစာကီးဘုတ် အားရယူရန်

Sony Ericsson Live with Walkman WT19I ကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းအတွက်
အခုနည်းလမ်းလေးနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။
အားလုံးကို ကျေးဇူးလျှက်ပါ

DeskTop Clock





ကျွန်တော်အခုတင်ပေးမဲ့ ဒါလေးကတော့ နောက်ဆုံးတွေ့ထားတဲ့ Desktop နာရီလေးပါ
အပေါ်နာရီလေးပါ အပေါ်ကနာရီလေးကိုကြည့်လိုက်ပါ သူ့ရဲ့ အရွယ်အစားကိုတော့
ကိုယ်ကြိုက်သလိုပြောင်းလို့ရပါတယ် ကိုယ်ထားချင်းတဲ့ Screen ရဲ့ ဘယ်နေရာမှာမဆို
လိုသလိုရွှေ့သုံးလို့ရပါတယ် သုံးရလွယ်တဲ့ Portable လေးလည်းဖြစ်ပါတယ် နာရီရဲ့
အရောင်ကိုလည်း ကိုယ်ကြိုက်တဲ့အရောင် ပြောင်းလို့ရပါသေးတယ် အောက်မှာ ဒေါင်း
ယူထားလိုက်ပါ လိုအပ်တော့လည်း သုံးရတာပေါ့ နှစ်နေရာတင်ပေးထားပါတယ်









 အလိုရှိသူများ အောက်ပါ ဒေါင်းလုပ်လင့်တွင် ယူဆောင်နိုင်ပါတယ်ခင်ဗျာ ...............................

 
 အဆင်ပြေနိုင်ကြပါစေခင်ဗျာ။။။။။။။။။။။။။။။။။။။။